Showing posts with label လိင်မှုရးရေးရာ ဗဟုသုတ. Show all posts
Showing posts with label လိင်မှုရးရေးရာ ဗဟုသုတ. Show all posts

Sunday, January 2, 2022

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex) -၂

   ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex) -၂ 

လိင်ပိုင်းဆိုင်ရာ ဗဟုသုတ

Oral Sex ဆိုတာက လူတဦးရဲ့ ပါးစပ်၊ သွား၊ လျှာ ၊ လည်ချောင်းတွေနဲ့ လူတဦးရဲ့ လိင်အင်္ဂါတို့ ထိ တွေ့ ဆက်ဆံမှု ဖြစ်ပါတယ်။ Oral Sexကို လိင်ဆက်ဆံဖို့ တက်ကြွ စိတ်ပြင်းပြသူတွေက လုပ်ဆောင် လေ့ရှိ ကြပေမယ့် အခုနောက်ပိုင်း တော့ လူ့အသိုင်းအဝိုင်းထဲမှာ တွင်ကျယ်တဲ့ ပုံမှန် လိင်ဆက်ဆံမှု ဓလေ့ တခုအဖြစ် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Oral Sex က အကာကွယ်မဲ့တဲ့ လိင်ဆက်ဆံမှု တွေ ထက် တော့ အန္တရာယ်နည်းပါးတယ်ဆိုပေမယ့် Oral Sex ကနေတဆင့် လိင်ဆက် ဆံခြင်းမှ ကူးစက် နိုင်တဲ့ ရောဂါတွေ ကူးစက်ဖြစ်ပေါ်နိုင်ပါတယ်။

Oral Sex မှာ သတိထားရမယ့် အချက်တွေများစွာ ရှိနေပါတယ်။ တတ်နိုင်သမျှ Oral Sex မလုပ် ဆောင် တာ ကောင်း ပေမယ့် မရှောင်နိုင်လို့ လုပ်ကြပြီဆိုရင်တော့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိ ထား တာ အကောင်းဆုံးပါပဲ။ ဒီတပတ် လိင်ဆက်ဆံမှုဆိုင်ရာ ပညာပေးအဖြစ် သတိထားသင့်တဲ့ Oral Sex အကြောင်း တင်ပြပေးလိုက်ပါတယ်။

Oral Sex အမျိုးအစား

Oral Sex အမျိုးအစား ၃ မျိုးရှိပါတယ်။ ပထမ အမျိုးအစားကတော့ Oral Sex က အမျိုး သမီး အချင်း ချင်း Oral Sex လုပ်ဆောင်ရင်တော့ Cunnilingus လို့ ခေါ်ပြီး မြန်မာလို ဘာသာပြန်ရင်တော့ အမျိုးသမီးတဦးရဲ့ လိင်အင်္ဂါကို အခြား အမျိုး သမီးတဦးက စုပ်ပေး၊ လျက်ပေးတာပဲဖြစ်ပါတယ်။

ဒုတိယ အမျိုးအစားကတော့ အမျိုးသားအချင်းချင်း Oral Sex လုပ်ဆောင်တာဖြစ်ပြီး ဒါကိုတော့ Fellatio လို့ခေါ်ပြီး မြန်မာလို ဘာသာပြန်ရင်တော့ အမျိုးသားတဦးရဲ့ လိင်အင်္ဂါကို အခြားအမျိုး သား တဦးက စုပ်ပေး၊ လျက်ပေး တာပဲဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့ ဆက်ဆံသူ ၂ဦးမှာ တဦး က တဦးရဲ့ စအိုကို စုပ်ပေးလျက်ပေးတာဖြစ်ပြီး ဒါကိုတော့ Analingus လို့ ခေါ်ပါတယ်။

Oral Sex နှင့် စွန့်စားမှု

Oral Sex ကနေတဆင့် လိင်ဆက်ဆံမှုဆိုင်ရာ ရောဂါတွေ ကူးစက်ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။ ဆေးသု တေသန ရလာဒ်တွေအရ Oral Sex ကနေတဆင့် ခုခံအားကျဆင်းမှုရောဂါ ရနိုင်ခြေ ၈ ရာခိုင် နှုန်း ရှိတယ်လို့ ဖော်ပြတဲ့ သုတေသန တွေရှိနေသလို Oral Sex ကြောင့် ခုခံအားကျဆင်းမှုရောဂါ ကူးစက် နိုင်ခြေ ၁ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုတဲ့ သုတေသန ဖော်ထုတ် ချက် တွေ လည်း ရှိနေပါတယ်။ 

ဒီလိုသုတေသန ရလာဒ်တွေက မတူညီရတာက သုတေသနပြုလုပ်တဲ့ ပညာရှင် တွေအနေနဲ့ Oral Sex နဲ့ပတ်သက်လို့ အဟန့်အတား၊ အခြေအနေတွေ မတူညီမှုတာကနေ စလို့ ရလာဒ် တွေ ကွဲလွဲ ကုန်တာဖြစ်ပါတယ်။ ဒါပေမယ့် Oral Sex က လူသားတွေ လုပ်ဆောင် လေ့ ရှိတဲ့ လိင်ဆက်ဆံ မှုဆိုင်ရာ အပြုအမူ တခု ဖြစ်လာနေတယ်ဆိုတာကတော့ ငြင်းပယ်စရာ မရှိပါဘူး။ Oral Sex ကနေတဆင့် ခုခံအားကျဆင်းမှုရောဂါ ကူးစက်နိုင်တယ်ဆိုတာ ဖော်ထုတ်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဗြိတိသျှအစိုးရ၊ ကျန်းမာရေးဦးစီးဌာနရဲ့ သုတေသန ရလာဒ်တွေအရ Oral Sex က အမျိုးသမီးအင်္ဂါနဲ့ အမျိုးသားအင်္ဂါ ထိတွေ့ လိင်ဆက်ဆံမှုထက်တော့ ပိုပြီး ကျန်းမာရေး အန္တရာယ်ကင်း တယ် လို့ ဆိုပါ တယ်။ ဒါပေမယ့် Oral Sex မှာလည်း ကျန်းမာရေး အန္တရာယ်ဖြစ်စေတတ်တဲ့ အခြေအနေတွေ ရှိနေ ပါတယ်။

တကိုယ်ရေသန့်ရှင်းမှုနည်းတဲ့ သူနဲ့ Oral Sex ဆက်ဆံမယ်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ် များလွန်း ပြီး လိင်ဆက်ဆံမှုဆိုင်ရာကုူးစက် ရောဂါတွေအပြင် အခြားတကိုယ်ရေသန့်ရှင်းမှု မရှိလို့ ဖြစ်ပွားနိုင်တဲ့ ကူးစက်ရောဂါတွေပါ ရနိုင်ပါတယ်။ ပါးစပ်မှာ အနာတွေ ရှိနေတာမျိုး၊ လိင်အင်္ဂါမှာ အနာတွေ ရှိနေတာမျိုးကလည်း Oral Sex ဆက်ဆံသူတွေကို ရောဂါကူးစက်စေနိုင်ပါတယ်။ ပါးစပ်၊ အာခံတွင်းကို ဆေးကြောတဲ့ သန့်ရှင်းရေး ဆေးရည်တွေက Oral Sex ဆက်ဆံသူတွေအတွက် ဘေး ကင်း စေနိုင်မှာမဟုတ်ပါဘူး။

အမျိုးသမီးအချင်းချင်း Oral Sex ဆက်ဆံတဲ့အခါ ဆက်ဆံတဲ့အမျိုးသမီးက ရာသီလာနေတာမျိုးဆိုရင် ပိုပြီး ကျန်းမာရေးအန္တရာယ်များ လွန်းလှပါတယ်။ အမျိုးသားအချင်းချင်း Oral Sex ဆက်ဆံတဲ့အခါမှာ အမျိုးသားတဦးအနေနဲ့ ကိုယ်ရဲ့ ဆက်ဆံဖော် အမျိုးသားရဲ့ ပါးစပ်ထဲကို သုက်လွှတ်တာမျိုး မလုပ် သင့် ပါဘူး။ တကယ်လို့ ပါးစပ်ထဲကို သုက်လွှတ်လိုက်မယ်ဆိုရင် လိင်ဆက်ဆံမှုဆိုင်ရာ ကူးစက် ရောဂါတွေ ရစေနိုင်ပါတယ်။

လုံခြုံစိတ်ချရမယ့် Oral Sex

ဘေးကင်းလုံခြုံတဲ့ Oral Sex ဆိုတာက တကိုယ်ရေသန့်ရှင်းမှု ရှိသလား၊ လိင်ဆက်ဆံဖော် များ သလား၊ Oral Sex ဆက်ဆံမယ့် ပါးစပ်၊ လည်ချောင်း၊ လျှာတွေမှာ အနာကင်းသလား၊ လိင်အင်္ဂါမှာ အနာတွေ ကင်းသလား စတဲ့ အခြေအနေတွေ ပေါ်မှာ မူတည်နေပါတယ်။

Oral Sex ကနေ ရေယုန်တွေ ကူးစက်နိုင်သလို Chlamydia ၊ Syphilis ကူးစက်ရောဂါတွေ ရနိုင် ပါတယ်။ ဒါ့အပြင် အသည်းအရောင်အသားဝါ ဘီပိုးကလည်း Oral Sex ကနေ ကူးစက်နိုင်ပါတယ်။

Oral Sex လုပ်ဆောင်ဖို့ ဆန္ဒမပါဘူးဆိုရင် အတင်းအကျပ် လုပ်ဆောင်တာ၊ အပျော့ဆွဲနဲ့ သိမ်းသွင်း တာမျိုးတွေမလုပ်သင့်ပါဘူး။ အတင်းအကျပ် လုပ်ဆောင်တဲ့ Oral Sex က လိင်အင်္ဂါနဲ့ ပါးစပ်ကို ထိခိုက်စေနိုင်သလို ဆီးသွားတဲ့အခါ နာကျင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဘေးကင်းလုံခြုံတဲ့ Oral Sex ဆက်ဆံချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုယ်ရဲ့ ဆက်ဆံဖော်ရဲ့ လိင်အင်္ဂါ (သို့မဟုတ်) ပါးစပ်တွေမှာ အနာ၊ ဒဏ်ရာ၊ ပွန်းပွဲ့ တာတွေ မရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအနာတွေ၊ ဒဏ်ရာတွေ၊ ပွန်းပဲနာတွေကနေတဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်လို့ပါပဲ။ 

ကိုယ်ရဲ့ လိင်ဆက်ဆံဖော်က လိင်ဆက်ဆံသူ များလွန်းတဲ့သူ ဟုတ်၊ မဟုတ်ဆိုတာလည်း ကိုယ်က သိထားမယ်ဆိုရင် Oral Sex က ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ အသေအချာပါပဲ။




ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex)

 ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex)

လိင်ပိုင်းဆိုင်ရာ ဗသုသုတ

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral sex) ဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကိုသုံးပြီးသင်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါနဲ့ စအို တစ်ဝိုက် ဧရိယာကိုလှုံ့ဆော်ကာ လိင်မှုခံစားချက်ကို တိုးမြှင့်ပေးတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ လူအမျိုးမျိုးကတော့ နည်းအမျိုးမျိုးနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို သူများအတွက်လည်း လုပ်ပေးချင်ကြပြီး သူတို့လည်းခံယူချင်ကြပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါတွေနဲ့ သင့်ပါးစပ်မှာ အနာမရှိဘူးဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ HIV ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ Sexually transmitted infections (STIs) တွေဖြစ်တဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့ကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင်ပါးစပ်ဖြင့် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးပဲဖြစ်ဖြစ်၊ ခံတွင်း အတားအဆီး (Dental dams) ပဲဖြစ်ဖြစ် သုံးပေးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ 

(Dental dam ဆိုတာ ကြက်ပေါင်စေး (သို့) polyurethane ပလတ်စတစ် ဖြင့်ပြုလုပ်ထားပြီး သွားကုသတဲ့ အခါမှာ ကုသနေတဲ့သွားများနဲ့ ခံတွင်းကို ခြားပေးထားတဲ့ ကြက်ပေါင်စေး အချပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Dental dams ကို STI တွေ ကူးစက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ အသုံးပြုလာကြပါတယ်။

သင့်မှာပဲ ဖြစ်ဖြစ်၊ သင့်အဖော်မှာပဲ ဖြစ်ဖြစ် ပါးစပ်၊ မွေးလမ်းကြောင်း၊ လိင်တံ နဲ့စအိုတို့မှာ အနာရှိနေမယ်ဆိုရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီလို အနာများပေါက်နေခြင်းဟာ STD ရောဂါ ကူးစက်ခံထားရတဲ့လက္ခဏာ ဖြစ်တာကြောင့် သင့်မှာ HIV ဗိုင်ရပ်စ် ကူးစက်ခံရနိုင်ခြေ မြင့်မားနေပါတယ်။ 

အခု ဒီဆောင်းပါးလေးထဲမှာတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ၊ ဒီလို ပါးစပ်ဖြင့် လိင်ဆက်ဆံရင် ဘာအန္တရာယ်တွေရှိသလဲဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြလိုက်ပါတယ်။ သင့်အနေနဲ့ Oral sex ကို ပထမဆုံး အကြိမ် စလုပ်ဖို့ပဲ ဖြစ်ဖြစ်၊ Oral sex အကြောင်းပိုသိချင်လို့ပဲ ဖြစ်ဖြစ် ဒီဆောင်းပါးလေးထဲက အချက်များကို ဖတ်ရှုပြီး ပိုပြီး စိတ်ချသာယာမှုရှိတဲ့ Oral Sex ကိုလုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။


ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာဘာလဲ။

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး သင့်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါ (သို့) စအိုနားတစ်ဝိုက် ဧရိယာကို လှုံ့ဆော်ပေးခြင်းကို ပြောတာ ဖြစ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ Oral sex ဟာတစ်မျိုးထူးခြားတဲ့ လိင်ခံစားမှုကိုလိုချင်တဲ့ သူတွေအတွက်တော့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ Oral Sex ကို လုပ်မယ်၊ မလုပ်ဘူးဆိုတာ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်သာ ဖြစ်ပြီးလူတိုင်းက မကြိုက်သလို လူတိုင်းက မလုပ်ပေးချင်ကြပါဘူး။ တစ်ခြားသော လိင်မှုကိစ္စတွေလိုပဲ Oral Sex ဟာ လိင်ဆက်ဆံသူ ၂ ယောက်လုံး စိတ်အားထက်သန်နေဖို့ လိုအပ်ပါတယ်။


Oral Sex လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ အချက်များ

Oral Sex လုပ်ဆောင်နည်းအတွက် နည်းလမ်းအမျိုးမျိုးရှိပြီး လူတစ်ဦးနဲ့ တစ်ဦးကလည်း အကြိုက်မတူကြပါဘူး။ Oral Sex လုပ်ဆောင်ရာမှာ လှုံ့ဆော်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ မှတ်ထားဖို့လိုတာကတော့ တစ်ယောက်ယောက်ကို ခံစားချက် ကောင်းမွန်လာစေဖို့ အချိန်တစ်ခု လိုအပ်တယ်ဆိုတာပါပဲ။

Oral Sex လက်ခံရတာပဲ ဖြစ်ဖြစ်၊ ပေးတဲ့ အချိန်ပဲ ဖြစ်ဖြစ် သင့်အနေနဲ့ အနည်းငယ်တော့ စိတ်လှုပ်ရှားမှာပါ။ ဒါကို လုပ်ဆောင်ချိန်မှာ အရေးကြီးတဲ့ အရာကတော့ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ အကောင်းဆုံး ဆက်သွယ်မှု ရှိနေဖို့ပါပဲ။ သင့်အနေနဲ့ သူခံစားလို့ ကောင်းသလားဆိုတာကိုလည်း မေးမြန်းဖို့လိုပြီး သင်လည်း ခံစားချက်ကောင်းတယ်ဆိုရင် ထုတ်ပြောဖို့လိုပါတယ်။

သင့်အနေနဲ့ သင့်ရဲ့ အဖော်ဖြစ်သူနဲ့ ပျော်ရွှင်နေတယ်ဆိုရင် Oral Sex က ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုရစေဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မှတ်ထားဖို့ လိုတဲ့ အရာတစ်ခုကတော့ သင့်အနေနဲ့ သင်မကြိုက်တဲ့ အချိန်မှာ ချက်ခြင်းရပ်တန့်နိုင်ပြီး သင့် အဖော်ဖြစ်သူလည်း သူမကြိုက်ရင် မလုပ်နိုင်ဘူးလို့ ပြောနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ သင်စလုပ်ထားတယ်ဆိုတာနဲ့ ပြီးဆုံးသည်အထိ လုပ်စရာ မလိုပါဘူး။ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်လိုက်တယ်ဆိုတာ လုံးဝသဘာဝကျပါတယ်။


အမျိုးသားတွေကို ဘယ်လို Oral Sex ပေးရမလဲ

အမျိုးသားတွေကို Oral sex ပေးမယ်ဆိုရင် အမျိုးသား လိင်တံထောင်မတ်နေတဲ့ အချိန်ဖြစ်စေ၊ မထောင်မတ်တဲ့ အချိန်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ ပါးစပ်အတွင်း ဘယ်လောက်ထိရောက်နိုင်လဲဆိုတာ မသေချာဘူးဆိုရင် လက်ညိုးနဲ့ လက်မကို ကွင်းပုံသဏ္ဍာန် ပြုလုပ်ပြီး ထိန်းထားနိုင်ပါတယ်။ အမျိုးသားအများစုကတော့ Oral Sex ပြုလုပ်ခံရခြင်းဟာ အကြမ်းမခံနိုင်ကြတဲ့ အတွက် သင့်အနေနဲ့ အစပိုင်းမှာ ဖြည်းဖြည်းချင်းသွားသင့်ပြီး

နောက်ပိုင်းမှ အရှိန်တိုးမြှင့်သင့်ပါတယ်။ သင်အနေနဲ့ လျှာ အနေအထားပုံစံအမျိုးအမျိုး၊ ခေါင်းနဲ့ ပါးစပ်တို့ရဲ့ အမျိုးမျိုးသော လှုပ်ရှားမှုတွေကို အသုံးပြုပြီး ဘယ်လိုအနေအထားမျိုးက သူ့ကို ခံစားချက်ကောင်းမွန်စေနိုင်လဲဆိုတာ ရှာဖွေလို့ရပါတယ်။ (မှတ်ချက် – Oral Sex လုပ်ရာမှာ အမျိုးသားမတောင်းဆိုသ၍ သွားကိုအသုံးမပြုဖို့လိုပါတယ်။) 

သင့်အနေနဲ့ အမျိုးသားတစ်ယောက်ကို Oral Sex ပြုလုပ်ပေးလိုက်ရုံနဲ့ ပါးစပ်ထဲမှာ ပန်းထုတ်ဖို့ ခွင့်ပြုစရာမလိုပါဘူး။ ရွေးချယ်မှုက သင်နဲ့ပဲဆိုင်ပါတယ်။ သူ့အနေနဲ့ ကွန်ဒုံးဝတ်ထားမယ်ဆိုရင်တော့ ကွန်ဒုံးက လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ STD တွေနဲ့ ပန်းထွက်ခြင်းကိုပါ ကာပေးထားမှာဖြစ်လို့ ဒါက ပြဿနာ မဟုတ်ပါဘူး။ သင်ဘယ်အခြေအနေထိသွားချင်လဲဆိုတာ သင့်အပေါ်မှာသာ လုံးဝမူတည်ပါတယ်။


အမျိုးသမီးတစ်ယောက်ကို Oral Sex ဘယ်လိုပေးရမလဲ

အမျိုးသမီးတစ်ယောက်ကို Oral Sex မပေးမှီ သူနဲ့မြေစမ်းခရမ်းပျိုးကာလ ကိုဖြတ်ကျော်ပြီး နမ်းရှုပ်ချိန် ယူတာက ပိုကောင်းပါတယ်။ အမျိုးသမီးရဲ့ ပေါင်တံအပေါ်ပိုင်းနဲ့ လိင်အင်္ဂါနားတစ်ဝိုက်ဧရိယာတွေကို ပွတ်သပ်ပေးခြင်းက သူမရဲ့ လိင်စိတ်ဆန္ဒကို ပိုနိုးကြားလာစေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါရဲ့ ခံစားမှု အာရုံ အထက်မြက်ဆုံးနေရာကတော့ အမျိုးသမီး အင်္ဂါ အစေ့ (Clitoris) ဖြစ်ပြီး Clitoris မှာ နာဗ်ကြောဆုံး ၈၀၀၀ ကျော်ရှိပါတယ်။ 

ဒါပေမဲ့ ဆီးခုံ ဧရိယာ တစ်ဝိုက်လုံးက အာရုံခံစားနိုင်မှုစွမ်းအား များပါတယ်။ Oral Sex စပေးမယ်ဆိုရင် လျှာကို အကြောလျှော့ထားပြီး နှေးနှေးချင်းစသင့်ကာ နောက်ပိုင်းမှာ ပိုမြန်သင့်ပါတယ်။ သင့်အနေနဲ့ လျှာအနေအထားပုံစံအမျိုးမျိုးကို အသုံးပြုလို့ရပြီး စည်းချက်အမျိုးမျိုးလည်း အသုံးပြုလို့ရပါတယ်။


စအိုကို ဘယ်လို Oral Sex ပေးရမလဲ။ (rimming)

အဖော်ဖြစ်သူရဲ့ စအိုကို Oral Sex ပြုလုပ်ပေးခြင်းကို analingus (သို့) rimming လို့ခေါ်ပါတယ်။ လိင်တူခြင်းစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ်၊ လိင်တူလိင်ကွဲ ၂ မျိုးကိုစိတ်ဝင်စားတူတွေပဲ ဖြစ်ဖြစ် ဆန့်ကျင်ဘက်လိင်ကိုစိတ်ဝင်စားသူတွေပဲ ဖြစ်ဖြစ် စအိုသို့ Oral sex ပေးခြင်းဟာ လိင်ခံစားမှု အမျိုးအစားတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ မသန့်ရှင်းမှာကို စိုးရိမ်တယ်ဆိုရင် သင့်ရဲ့

အဖော်ဖြစ်သူကို ရေနဲ့သန့်ရှင်းအောင်ဆေးခိုင်းသင့်ပါတယ်။ သင့်အနေနဲ့ စအိုသို့ Oral Sex မပေးမှီ Perineum လို့ခေါ်တဲ့ လိင်အင်္ဂါနဲ့ စအိုအကြား ဧရိယာကို ပွတ်သပ်နမ်းရှုပ်နိုင်ပါတယ်။

ထို့နောက် စအိုဧရိယာ တစ်ဝိုက်ကို လျှာဖြင့် စက်ဝိုင်းပုံသဏ္ဍာန် လှုပ်ရှားခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။ သင့်ရဲ့ အဖော်ဖြစ်သူအတွက် ဘယ်လိုလှုပ်ရှားမှုက ခံစားမှုကောင်းစေလဲဆိုတာ ရှာဖွေပြီး စအိုသို့ Oral Sex ပေးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

တကယ်လို့ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ စအိုသို့ Oral sex ပေးမယ်ဆိုရင်တော့ စအိုကနေ အမျိုးသမီး အင်္ဂါသို့ မသွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ စအိုမှ ဘတ်တီးရီးယားတွေက မွေးလမ်းကြောင်းသို့ ကူးစက်နိုင်ပြီး ကူးစက်ရောဂါ ဖြစ်စေနိုင်လို့ပါ။


HIV နဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ရောဂါ (STI) တွေကို Oral Sex မှ ရနိုင်သလား။

Oral Sex လုပ်ရာမှ တစ်ဆင့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေဟာ အင်မတန်နည်းပါးပါတယ်။ ဒါပေမဲ့ Oral sex အလုပ်ခံရတဲ့ လူမှာ STI ရောဂါ တစ်ခုခု ရှိနေပြီး သူ့ရဲ့ လိင်အင်္ဂါ ဧရိယာ တစ်ဝိုက်မှာ အနာတွေရှိနေမယ်ဆိုရင်၊ Oral Sex ပေးတဲ့လူရဲ့ ပါးစပ်နဲ့ သွားဖုံးမှာ အနာတွေရှိနေမယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ ဒီတော့ Oral Sex ကနေ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါ (STI) အကူးစက်ခံရဖို့ဆိုတာ အကြောင်းတရား (၃) ခုလုံး အရင် ဆုံဖို့လိုပါတယ်။

သို့ပေမဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါ (gonorrhoea) နဲ့ ဆစ်ဖလစ်ရောဂါလို STI တွေကတော့ Oral Sex မှ တစ်ဆင့်ပျံ့ပွားနိုင်ပါသေးတယ်။ ဒါ့အပြင် အသည်းရောင်ရောဂါ A (hepatitis A) နဲ့ ဝမ်းပျက်ခြင်းကို ဖြစ်စေနိုင်တဲ့ E.coli လိုဘတ်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ရောဂါတွေကတော့ Oral Sex မှ ကူးစက်နိုင်ပါတယ်။

သိသာတဲ့ အရာတွေ ဖြစ်တဲ့ အနာလိုမျိုး လက္ခဏာတွေ မရှိသေးရင်တောင် Oral Sex မှ ကူးစက်ရောဂါတွေ ကူးစက်နိုင်ပါတယ်။ သင့်ရဲ့ ပါးစပ်၊ မွေးလမ်းကြောင်း၊ လိင်တံနဲ့ စအိုတို့မှာ အနာပေါက်နေမယ်ဆိုရင်တော့ Oral Sex ကို လုံးဝရှောင်ကြဉ်သင့်ပြီး ဒီအနာတွေဟာ ကူးစက်ရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။

ကွန်ဒုံး သို့မဟုတ် dental dam လို့ခေါ်တဲ့ မွေးလမ်းကြောင်းနဲ့ စအိုတို့ကို ဖုံးပေးနိုင်တဲ့ ပလတ်စတစ် အလွှာပါးလေး သုံးခြင်းဖြင့် ကူးစက်နှုန်းမြင့်မားတဲ့ STD တွေမှ သင့်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ dental dam မရှိဘူးဆိုရင်လည်း ကွန်ဒုံးကို အောက်ခြေမှ ထိပ်ပိုင်းထိ အလျားလိုက်ဖြတ်ပြီး

dental dam လိုမျိုး အသုံးပြုလို့ရပါတယ်။ ကွန်ဒုံးလိုမျိုး ထပ်ဆောင်း အကာအကွယ်တစ်ခု ဝတ်ဆင်ထားခြင်းဖြင့် Oral sex ပြုလုပ်စဉ် ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Oral Sex မလုပ်ခင် သင့်ရဲ့ အဖော်ဖြစ်သူနဲ့ အကာကွယ်တွေအကြောင်း အရင်ဆွေးနွေးခြင်းက Oral sex ပြုလုပ်ရာမှာ ပိုပြီး အဆင်ပြေ ချောမွေ့စေပါလိမ်မယ်။ Oral Sex ဟာ ရှက်စရာ ကောင်းနေမှာ မှန်ပေမဲ့ ပြုလုပ်တတ်ကြတဲ့ လိင်မှု ကိစ္စပုံစံ တစ်ရပ်ပြီး သင့်အနေနဲ့ ထုတ်ပြောဖို့ အရမ်းခက်နေတယ်ဆိုရင် ဒါဟာ သင့်အနေနဲ့ Oral Sex ပေးဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။


ကျွန်တော့် အနေနဲ့ Oral Sex လုပ်သင့်သလား။

Oral Sex ပြုလုပ်ဖို့ ဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ။ ဒါ့အပြင် သင်ရော၊ သင့်လက်တွဲဖော်ရော နှစ်ယောက်လုံး ဒီလိင်မှုကိစ္စအတွက် အသင့်ဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။ အတင်းအကြပ်အခိုင်းခံရရင်တော့ ဘယ်သူကမှ Oral Sex ကို လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ အရေးကြီးတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက Oral Sex ဟာ သင်တို့ နှစ်ယောက်လုံးအတွက် ပျော်ရွှင်စရာ အတွေ့အကြုံ ဖြစ်သင့်ပါတယ်။ 

အဖော် ဖြစ်သူ အတင်းအကျပ်ခိုင်းလို့ တစ်ယောက်ယောက်က လုပ်နေရင်တယ်ဆိုရင် ဒီလို အတင်းအကျပ်ခိုင်းခြင်းက ခံစားချက်ရဲ့သာယာမှု တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ Oral Sex ကို ဘယ်လို လုပ်ကြမလဲဆိုတာက တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်မှုနဲ့ပဲဆိုင်ပါတယ်။ အဓိက အချက်ကတော့ သင်တို့ ၂ ယောက်လုံး ခံစားချက်ကောင်းနေဖို့က ပိုအရေးကြီးပါတယ်။




နောက်ပေါက်အတွက် အကောင်းဆုံး ပုံစံ (၁၀) မျိုး

  နောက်ပေါက်အတွက် အကောင်းဆုံး ပုံစံ (၁၀) မျိုး

လိင်မှုရေးရာ ဗဟုသုတ

နောက်ပေါက်ဆက်ဆံဖို့ (စအိုနဲ့ဆက်ဆံဖို့)  အရပ်ထဲအခေါ် ဖင်လိုးဖို့  အကောင်းဆုံး ပုံစံ အနေအထား ( ၁၀ ) မျိုးကို ကူးယူဖော်ပြပေးလိုက်ပါသည်။

ဘာသာပြန်၍ဖော်မပြတော့ပါ၊ လွဲသွားရင် မကောင်းပါ။ ပုံလေးတွေကြည့်ရုံနဲ့ သဘောပေါက်မှာပါ။ စိတ်ဝင်စားရင် စမ်းသပ်ခံစားကြည့်ချင်ရင် မူရင်း ဝက်ဘ်ဆိုက်မှာပဲ ကြိုးစားပြီး သွားဖတ်တော်မူကြပါ။ အင်္ဂလိပ်စာလဲ တိုးတက်သွားမှာပေါ့ ..ခစ်ခစ်။

မူရင်း လိပ်စာက အောက်မှာပါ။

10 Best Positions For Anal Sex - AskMen

10 Best Positions For Anal Sex


01. Side Spoon



02. Cowgirl



03. Missionary



04. Backdoor Planking



05. Curled Spoon



06. Joyful Cowgirl



07. Tantric Yab Yum



08. Up From Above



09. Lap Dance



10. Standing Sex




 အရသာဆန်းလေးများဖြင့် သာယာသောလိင်မှု ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

 မူရင်း လင့် ... 10 Best Positions For Anal Sex - AskMen




မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

 မပျို့မအန်ဘဲ Blow Job ဘယ်လိုပေးနိုင်မလဲ

ရေးသူ - ဒေါက်တာမှူးခင်

ပါးစပ်နဲ့လိင်ဆက်ဆံခြင်းနည်းများ

ချစ်သူစုံတွဲတွေ ချစ်တင်းနှောကြရင်း မိမိချစ်သူရဲ့ ဆန္ဒကို ဖြည့်စည်းဖို့ ပါးစပ်နဲ့ လိင်ဆက်ဆံ ကြတဲ့အခါမျိုးတွေရှိကြမှာပါ။ ဒီအခါ လိင်အင်္ဂါဟာ ပါးစပ်ထဲရောက်တဲ့အခါ ပျို့အန်ချင်စိတ်တွေ ပေါ်ပေါက်လာပြီး အဆင်မပြေတော့ပါဘူး။

အဖြစ်အများဆုံးက ချစ်သူရဲ့ စိတ်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးချင်ဇောနဲ့ လိင်အင်္ဂါကို လည်ချောင်းထဲထိရောက်အောင် ပါးစပ်တဆုံးသွင်းမိခြင်းပါပဲ(Deep throating)။ ဒါဟာ ရုပ်ရှင်ကား ထဲကအတိုင်း လိုက်လုပ်တာပါ။ 

လည်ချောင်းထဲကို လက်ညှိုးထိုးထည့်တဲ့အခါမျိုးမှာတောင် ပျို့အန်ချင်စိတ်ဖြစ်နိုင်တာမို့ Blow Job လုပ်တဲ့အခါ ပျို့အန်ချင်တာ မဆန်းပါဘူး။ Deep throating လုပ်မှ ဆန္ဒပြည့်ဝတာမဟုတ်ပါဘူး။ ကောင်းမွန်ပြီး ပညာသားပါလှတဲ့ ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (Excellent Blow Job) ဆိုတာ လည်ချောင်းတဆုံးထိ ရောက်စရာမလိုပါဘူး။ နည်းစနစ်မှန်ကန်ဖို့သာ အရေးကြီးတာပါ။ ဘယ်လိုနည်းတွေလဲ။

( ၁ ) အသက်မှန်မှန်ရှူပါ။ (Breathe)

ပါးစပ်ထဲမှာ လိင်အင်္ဂါနဲ့ ပြည့်သွားတဲ့အခါ အသက်ရှူဖို့ ခက်ခဲလာမှာပါ။ နှာခေါင်း တစ်ခုထဲ ကို အသုံးပြုကာ အသက်ရှူရမှာပါ။ ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံနေတဲ့ အာရုံတစ်ခုတည်းသာရှိ နေပြီး အသက်ရှူဖို့ မေ့လျော့နေတတ်ပါတယ်။ ကြာလာတဲ့အခါ အသက်ရှူကြပ်လာပြီး ပျို့အန်ချင် တော့တာပါပဲ။ ဒီတော့ Blow Job ပြုလုပ်နေရင်းနဲ့ နှာခေါင်းမှ အသက်ဝဝရှူဖို့ကို မမေ့လျော့ပါနဲ့။ ပုံမှန်ရှူပါ။ လေကို ပုံမှန်ရှူရှိုက်နေခြင်းဟာ စိတ်တည်ငြိမ်စေပြီး၊ လည်ချောင်းကို ဖြေလျော့စေကာ ပျို့အန်ချင်စိတ်ကို နည်းပါးစေမှာပါ။

( ၂ ) အရာဝတ္ထုတစ်ခုအပေါ်မှာလေ့ကျင့်ပါ။

တစ်စုံတစ်ယောက် … သင့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ ဆက်ဆံတဲ့အခါ စိတ်လှုပ်ရှားမှုဟာ ရှိနေ တတ်ပြီး ဖိအားဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် စိတ်လှုပ်ရှားမှုမရှိနိုင်တဲ့ အခြေအနေတွေမှာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေ ဘာကြောင့် မပြုလုပ်ထားရမှာလဲ။ ပြုလုပ်လို့ရပါတယ်။ လိင်ဆက်ဆံခြင်း မဟုတ် ပါဘူး။ ဘယ်အရာမဆို ကြိုတင်လေ့ကျင့်ခြင်းရှိမှသာ အဆင်ပြေချောမွေ့နိုင်တာပါ။ မိမိရဲ့ လက်ကိုအသုံးပြု လေ့ကျင့်နိုင်သလို လိင်အင်္ဂါနဲ့ပုံသဏ္ဍန်တူတဲ့ အသီးတွေနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။ ဒါဟာ ရှက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ လူသားတွေဟာ ကာမလိင်ဆက်ဆံခြင်းနဲ့ မကင်းနိုင်ကြပါဘူး။ ဒါကြောင့် ကျန်းမာရေးရှုထောင့်အရ ကြည့်ကာ ကြိုတင် လေ့ကျင့်ထားတာ ကောင်းပါလိမ့်မယ်။

( ၃ ) လက်ကို အသုံးပြုပါ။

တချို့စုံတွဲတွေဟာ Blow Job ပြုလုပ်တဲ့အခါ ပါးစပ်ချည်းသက်သက် အသုံးပြုကာ လက်တွေကို အလွတ်ထားတတ်ပြီး ခေါင်းကလိုက်လံ ရွေ့လျားတတ်ကြပါတယ်။ လက်တွေကို အသုံးပြုခြင်းအား ဖြင့် လိင်အင်္ဂါဟာ ပါးစပ်ရဲ့ ဘယ်အပိုင်းထိရောက်နေပြီးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ပါတနာကိုလည်း လက်ချောင်းလေးတွေရဲ့ အထိအတွေ့က ထပ်မံသာယာစေနိုင်ပါတယ်။ ပါးစပ်ဟာ လိင်အင်္ဂါရဲ့ ထိပ်ဖျားကိုပဲ အာရုံစိုက်ထားပါ။ လိင်အင်္ဂါထိပ်ပိုင်းမှာ အာရုံကြောတွေများတာမို့ ခံစားမှုပိုကောင်းလို့ ပါ။ ကျန်အပိုင်းကိုတော့ လက်ရဲ့တာဝန်ထားပါ။ Blow Job လုပ်ရင်း မောပန်းလာပါက လက်ဖြင့် အာသာဖြေခြင်း(Hand Job)ကို ခေတ္တအစားထိုးပေးပါ။ ပါတနာကိုလည်း အပြောင်းအလဲခံစားမှုလေး ပေးစွမ်းနိုင်မှာပါတယ်။ အချိန်တစ်ခုထိ အနားယူပြီးမှ ပြန်လည်စတင်ပါ။

( ၄ ) သင့်တော်တဲ့အနေအထား (Sex Position)ကို ရွေးချယ်ပါ။

Blow Job ပြုလုပ်တဲ့ အများဆုံးအနေအထားဟာ အမျိုးသားက အောက်မှာရှိနေပြီး အမျိုးသမီးဟာ အပေါ်ကနေ၍ ပြုလုပ်ခြင်းဖြစ်ပါတယ် (69 Position) ။ ဒီအနေအထားဟာ ပိုမို တည်ငြိမ်ပြီး လိင်အင်္ဂါရောက်ရှိမှုအနေအထားကိုလည်း ခန့်မှန်းနိုင်ပါတယ်။

ဒါပေမယ့် အလွယ်တကူပျို့အန်တတ်သူတွေအတွက်တော့ မပြုလုပ်သင့်တဲ့ အနေအထားပါ။ လိင်အင်္ဂါဟာ လည်‌ချောင်းကို မကြာခဏဆိုသလို ပိုမိုထိနိုင်ပြီး ပျို့အန်ခြင်းကို ပိုမိုဖြစ်နိုင်လို့ပါ။

Blow Job ပြုလုပ်ဖို့ အသင့်တော်ဆုံးအနေအထားဟာ အမျိုးသမီးကို အောက်မှာထားတဲ့ Position ပါ။ ဥပမာ Reverse 69 နဲ့ အမျိုးသားကမတ်မတ်ရပ်ကာ အမျိုးသမီးဟာ အိပ်ရာပေါ် အိပ်လျက် ခေါင်းကို အိပ်ရာပေါ်မှ တွဲလျားချထားတဲ့ အနေအထားပါ။ ဒီအနေအထားတွေဟာ ပျို့အန် ဖို့ဖြစ်နိုင်ခြေ နည်းတဲ့ Position တွေပါ။ ကြာလာရင်တော့ ခေါင်းထဲ သွေးရောက်ပြီး မူးဝေလာနိုင်တာကို တော့ သတိချပ်စေချင်ပါတယ်။

သင့်အိမ်ထောင်ဖက်သို့မဟုတ် ချစ်သူနဲ့ သာယာဖြောင့်ဖြူးတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်ဖို့ အထက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ရှက်နေစရာမလိုပါဘူး။ သဘာဝတရားကြီးကို အကောင်းဆုံး အလေ့အကျင့် အနေအထားတွေနဲ့ ရင်ဆိုင်လိုက်သင့်ပါတယ်။


ရေးသားသူ-ဒေါက်တာမှူးခင်




Wednesday, January 1, 2020

ဥပဒေက မည်သို့ပင်ဆိုစေကာမူ

ဥပဒေက မည်သို့ပင်ဆိုစေကာမူ 

သိသင့်တဲ့ လိင်မှုရေးရာ ဥပဒေသ

ယောကျ်ားနှင့် မိန်းမအတူနေတဲ့အခါ ဒီအချက်တစ်ခုခုနဲ့ အကျုံးဝင်လျှင်မုဒိမ်းမှုဖြစ်သည်။ မုဒိမ်းမှု မြောက်ပါသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၅ မုဒိမ်းမှု။ယောက်ျားသည် မိန်းမနှင့် ကာမစပ်ယှက်သည့်အခါ အောက်ပါတစ်ချက်ချက်နှင့် အကျုံးဝင်လျှင် မုဒိမ်းမှုဖြစ်သည်။

( ၁ ) မိန်းမက အလိုမတူငြင်းဆန်ခြင်း ။

( ၂ ) မိန်းမက ခွင့်မပြုခြင်း ။

( ၃ ) မိန်းမက ခွင့်ပြုသော်လည်း ခွင့်ပြုရခြင်း အကြောင်းခြင်းရာမှာ- သေစေမည်-နာကျင်စေမည်ဟု ကြောက်ရွံ့၍ ခွင့်ပြုရခြင်း ။

( ၄ ) မိန်းမက ခွင့်ပြုသော်လည်း ဖြစ်ခြင်းအကြောင်းခြင်းရာကို အယူအဆလွဲ၍ ခွင့်ပြုရခြင်း ။

( ၅ ) ခွင့်ပြုသည်ဖြစ်စေ ၊ ခွင့်မပြုသည်ဖြစ်စေထိုမိန်းမသည် အသက် (၁၆) နှစ်အောက် ငယ်ခြင်း ။

ရှင်းလင်းချက် – ဒီဥပဒေမသိတဲ့ ယောက်ျားတချို့ကပြောကြတယ်….ကိုယ်တရားဝင် မင်္ဂလာဆောင်ပီးယူထားတဲ့ မိန်းမကိုတောင် “ကိုယ့်ဇနီးပဲ / ကိုယ့်မိန်းမပဲ/ကိုယ့်မယားပဲ” ကိုယ်လုပ်ချင်သလို လုပ်လို့ရတယ်….ကိုယ့်မိန်းမကို ကိုယ်လုပ်တာ ဘာဖြစ်လဲ ? ဘယ်သူ့ကို စောက်ခရုစိုက်စရာလိုလို့လဲတဲ့…”

ရှင်းပြမယ် – 

နံပါတ် ( ၁ ) မိန်းမက သဘောမတူပဲ ငြင်းနေရဲ့သားနဲ့လုပ်ရင် ဒါ မုဒိမ်းမှုကို ကျူးလွန်တာပါပဲ။

နံပါတ် ( ၂ ) မိန်းမက ခွင့်မပြုဘူး မလုပ်ဖို့တားတဲ့ကြား လုပ်ရင်မုဒိမ်းမှုကို ကျူးလွန်တာပါပဲ။

နံပါတ်  ( ၃ ) မိန်းမက ခွင့်ပြုတယ် ဒါပေမဲ့ သူစိတ်ထဲမှာတော့သဘောမတူဘူး။ မင်းကို ကြောက်လို့တာ ခွင့်ပြုလိုက်ရတယ် ဆိုရင်လည်း မုဒိမ်းမှု ကျူးလွန်တာပါပဲ။ ဥပမာ – ဟိုက သဘောမတူဘူးလို့ ငြင်းတော့ မင်းက ပြောပီလေ ။ ပြောသလို လုပ်မလား မလုပ်ဘူးလား မလုပ်ရင် သတ်မယ်/ ဖြတ်မယ် မင်းခန္ဒာကို အရိုးတွေ ချိုးပစ်မယ် ဓား/သေနတ် လက်နက်တွေ သုံးပီး ချိန်းခြောက် ပီးမရရအောင် သူမကို ကြံစည်ရင် ဒါမုဒိမ်းမှုကိုကျူးလွန်နေတာပါပဲ။

နံပါတ် ( ၄ ) မိန်းမက ခွင့်ပြုတယ် ဒါပေမဲ့ လူမှားပီး ခွင့်ပြုတယ်ဆိုရင်မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ။

ဥပမာ – ထွေးညို နဲ့ သာဒင် လင်မယား ( ၂ ) ယောက်ဆိုပါတော့။ ထွေးညိုက နေ့မှာ ပင်ပန်းထားတဲ့ အလုပ်ကိစ္စတွေကြောင့် မောမောပန်းပန်းနဲ့ အိပ်နေတယ် ။သာဒင်ကလည်း အဲညမှာ အလုပ်ကိစ္စကြောင့် အိမ်ပြန်မလာဘူး။

 “အဲဒီအချိန်မှာ “မြမောင် ” က “သာဒင်” ဟန်ဆောင်ပီး”ထွေးညို”ကို လုပ်နေတယ်ဆိုပါတော့ ။

” ထွေးညို” ကလည်း သူခင်ပွန်း “သာဒင်” လို့ ထင်မှတ်ပီးခွင့်ပြုတယ်ဆိုပါတော့ ။

ကိစ္စတွေလည်း ပီးရော “ထွေးညို” မျက်စိဖွင့်ကြည့်လိုက်တော့ သူ့ခင်ပွန်း ” သာဒင်” မဟုတ်ဘဲ “မြမောင်”ဖြစ်နေတယ် (ကိစ္စမပီးခင်သိရင်လည်း မုဒိမ်းမှုပဲ။

 ဒါဆို “မြမောင်”က မုဒိမ်းမှုကို ကျူးလွန်လိုက်တာပါပဲ။

“သူ့လင်ထင်မှတ်လို့ သူခွင့်ပြုလိုက်တာလေ….”

နံပါတ် ( ၅ ) ခွင့်ပြုပြု မပြုပြု….မိန်းမက အသက် (၁၆) နှစ်အောက် ဖြစ်နေရင် မုဒိမ်းမှုကို ကျူးလွန်တာပါပဲ”မိန်းကလေးတွေကို လိုရင်း ပြောလိုက်မယ်” “မင်းတို့ခွင့်မပြုပဲ အတင်းအဓမ္မလုပ်တဲ့ ယောက်ျားကိုမင်းတို့ သဘောမတူဘူးဆိုရင် ရဲစခန်းလာတိုင်ပါ…..” Welcome ! ကြိုဆိုလျက်ပါ။

ယောက်ျားဖြစ်ဖြစ် ၊ ချစ်သူဖြစ်ဖြစ် ၊ ဘယ်သူ ဖြစ်ဖြစ်သဘောမတူပဲလုပ်ရင် လာခဲ့ ရဲစခန်း ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ “မုဒိမ်းမှုအတွက် ပြစ်ဒဏ် ” မည်သူမဆို စုံစမ်းစစ်ဆေး၍ မုဒိမ်းမှုကျူးလွန်ကြောင်းပေါ်ပေါက်ပါကထောင်ဒဏ် (၁၀) နှစ် ငွေဒဏ် ဒဏ် ( ၂ ) ရပ်စလုံး ချမှတ်ရမည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၇ “ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု”မည်သူမဆို (ကျား/ မ) ယောက်ျားနှင့်ဖြစ်စေ….မိန်းမနှင့် ဖြစ်စေ….တိရိစ္ဆာန်နဲ့ ဖြစ်စေ….မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင် ထောင်ဒဏ် (၁၀) နှစ် ငွေဒဏ် ဒဏ် ( ၂ ) ရပ်စလုံး ချမှတ်ရမည်။

မှတ်ချက် ။    ။  နှစ်ဦးစလုံး တရားခံအဖြစ်တရားစွဲတင်ရမည် ။သတိထား!”ကျား”အချင်းအချင်း ပူးတဲ့လူတွေ / “မ”အချင်းချင်းပူးတဲ့လူတွေ….ဖော်ပြပါ ဆန့်ကျင်ဖက် ပူးတဲ့လူတွေ….စုံစမ်းစစ်ဆေးလို့ ပြစ်မှုပေါ်ပေါက်ရင်  ထောင်ဒဏ် (၁၀) နှစ်ပဲ။ ဒီ ဥပဒေအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် မသိတဲ့လူတွေကို ပြန်လည် နားချခြင်းဖြင့်ကူညီပါ။


အားလုံးကို ကျေးဇူးတင်ပါတယ်….။


.................................................................................................


အခုခေတ်မှာတော့ လိင်နဲ့ ပက်သတ်ပြီး အမျိုးမျိုး အစမ်းထွင် ခံစားသာယာနေကြပြီ ဖြစ်ရာ .... တရားရုံးတွင် တရားသူကြီးက အမိန့် မချမှတ်ခင် လေရှည်ပြီးနောက်..... ဥပဒေက မည်သို့ပင်ဆိုစေကာမူ ..... ဥပဒေက မည်သို့ပင်ဆိုစေကာမူ  ဆိုတဲ့ စကားလုံးလေးကိုသာ ကြားယောင်မိပါတော့တယ်။




Friday, January 2, 2015

G-spot နှင့် ကာမ သုခ

G-spot နှင့် ကာမ သုခ

( အသက် ၁၈နှစ် ပြည့်မှ ဖတ်ပါ )

လိင်မှုရးရေးရာ ဗဟုသုတ



မိန်းကလေးတိုင်း တောင့်တပြီး ယောက်ကျားလေးတိုင်း အားကျစေဖို့ အတွက်ရည်ရွယ်တာပါ။

G- spot

အမျိုးသမီး လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်း တစ်ခုမှ မယုံကြည် နိုင်လောက်ဖွယ် သက်တောင့် သက်သာ ရှိမှုနှင့် ကာမ ဆန္ဒ ပြည့်၀ ကျေနပ်စေမှု (အထွဋ်အထိပ် အရသာ) တို့ကို ဖြစ်ပေါ်စေသော ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။

ထိုနေရာလေးက အမျိုးသမီး ယောနိ အင်္ဂါလိုပဲ အလွန် တုန့်ပြန်ခံစား လွယ်သော တစ်ရှူး များဖြင့် တည်ဆောက် ထားပြီး မိန်းမကိုယ် (ယောနိ အင်္ဂါ) ၏ အတွင်း အရှေ့ပိုင်းတွင် တည်ရှိပါတယ်။ အမျိုးသားများ၏ လိင်တံ အင်္ဂါ ကဲ့သို့ပင် နှိုးဆွပေးသည့် အခါ မာကြော တောင့်တင်း လာပြီး တုန့်ပြန်တတ်သည့် ထပ်တူညီ သဘာဝလည်း ရှိပါတယ်။

အဲ့ဒီ အစိတ်အပိုင်းလေးကို တို့ထိရာမှာ နူးညံ့ငြင်သာစွာ ထိတွေ့ရန် အထူး လိုအပ်ပါတယ် ။ ဖြစ်နိုင်လျင်  လက်ချောင်းလေးဖြင့် အပြားလိုက် သာသာ ယာယာ နှိပ်နယ်ပေးခြင်းဖြင့် အမျိုးသမီး ၏ ခံစားမှုကို နှိုးဆွ    ရယူနိုင်ပါတယ် ။ (သင်ပေးသလိုဖြစ်သွားရင်လဲ သင်ပေးတယ်ပဲပေါ့ )

အမျိုးသမီး အတော်များများမှာ ယောနိအင်္ဂါ ထိပ်ရှိ လွန်းပုံသဏ္ဍန်ရှိ (အစေ့)လေး ကို နှိုးဆွပေးခြင်း အားဖြင့် ကာမ ဆန္ဒ အမြင့်ဆုံး ခံစားတတ်ကြပါတယ်။ အဲ့ဒီလိုနှိုးဆွပေးခြင်းသည် ဆက်ဆံမှု ၏ အစပိုင်းတွင်သာ ဖြစ်ပြီး အထွဋ်အထိပ် ကာလ မရောက်မီ အတွင်း ပျိုးယူပေးသော အဆင့်တွင်သာ ရှိပါသေးတယ်။

ကာမ ဆန္ဒနိုးကြွခြင်းနှင့် အထွဋ်အထိပ် ခံစားခြင်းတို့မှာ ကွဲပြား ခြားနားခြင်းကို ကောင်းစွာ နားလည်  သဘောပေါက်ရန် ဆက်ဆံမည့် စုံတွဲတိုင်း သတိပြုသင့်ပါတယ်။  အချို့က စိတ်ဆန္ဒ နှိုးကြားရုံ သက်သက်သာ ရှိပြီး ကာမ ဆက်ဆံ၍ ပြီးဆုံးချိန်တွင် အပြည့်အ၀ မကျေနပ်ကြခြင်းမှာ နားလည်မှု လွဲမှားခြင်းကြောင့်သာ    ဖြစ်ပါတယ်။

G -spot ၏ နိုးဆွမှုသည် အပေါ်ယံမှ တုန့်ပြန်လာခြင်းမျိုး မဟုတ်ဘဲ အမျိုးသမီး အင်္ဂါ ယောနိ ၏ အတွင်း ပိုင်း အကျဆုံးသော အပိုင်းမှ တုန့်ပြန်လာသည့် ခံစားမှု ရသကောင်း ဖြစ်သည်။ လိင်ပိုင်း ဆိုင်ရာ ပညာပေးခြင်း အားနည်းမှုကြောင့် အမျိုးသမီး အတော် များများသည် G-spot ၏ အရသာထူးကို ခံစားဖူးသော တွေ့ကြုံဖူးသော တုန့်ပြန်မှု အလွန်နည်းပါး ကြပါတယ်။

တစ်ကိုယ်ရေ ဖျော်ဖြေခြင်းဖြင့် ကျေနပ်တတ်ကြသော အမျိုးသမီးအချို့က လိင်အင်္ဂါ အတု (Vibratory) တုန်ခါမှုမှ တစ်ဆင့် ရရှိသော ခံစားချက်ကို နှစ်သက် ကြသလို စိတ်ပျက် ကြသူများလည်း ရှိပါတယ်။ အချို့က ယားကျိကျိ ခံစားမှု မှ တစ်ဆင့် G- spot ရဲ့ အရသာကို နှစ်သက် သွားတတ်ကြသူများလည်းရှိပါတယ်။

အမှန် ကတော့ G-spot ၏ တုန့်ပြန်မှုက ခန့်မှန်းရ အလွန်ခက်ပြီး ဘယ်လို ခံစားရတာကို သိရှိရန်အတွက် အမျိုးသမီးများ အနေဖြင့် ကိုယ်တိုင် G-spot ရဲ့ တုန့်ပြန်မှုကို အရင် စမ်းသပ်ကြည့် ပြီးမှသာ မိမိ ၏ လိင် ဆက်ဆံဖေါ်အား မိမိကိုယ်တိုင် နှစ်သက်သော အနေအထားကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဖြင့် အကောင်း ဆုံးသော ကျေနပ်မှုကို ရရှိမှာပါ။

အဲ့ဒီလိုပြောဆိုဖို့ အတွက် (ကိုယ့်ရဲ့ ဆက်ဆံဖက် အပေါ်) လျှို့ဝှက်ချက် မထားဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်မှသာနှစ်ဦးစလုံး အတွက် အလွန်ကောင်းတဲ့ အတွေ့အကြုံများနဲ့ ဆောင်ရန်ရှောင်ရန် များကို သတိပြုမိမှာဖြစ်သလို ပြောဆို ဆွေးနွေးလာသည့် အမျိုးသမီးများ အပေါ်တွင်လည်း ဆက်ဆံဖေါ် အမျိုးသားက နားလည်မှု လွဲမှားစွာဖြင့် ကာမ ရမက်ကြီးသူအဖြစ် အထင်မလွဲစေရန် အထူးအရေးကြီးပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ ပြည့်ဝသူ အဖြစ် အထင်ကြီးလေးစား လက်ခံပေး သင့်သည်။

ခန္ဓာဗေဒ အားဖြင့် G-spot ကို မည်ကဲ့သို့ ရှာဖွေရမည်ကို ဦးစွာ လေ့လာရပေမည်။ ဆီးလမ်းကြောင်း တစ်လျောက် ယောနိအင်္ဂါ၏ အပေါ်ပိုင်း ဆီးအိတ်နှင့် အပြိုင်အနေအထားတွင် ရှိနေပြီး လွန်းပုံသဏ္ဍန် အစေ့တည်ရှိရာ၏ အောက်ဖက် အပေါက်၀ တည့်တည့်နားတွင် တည်ရှိသည်။

ရေမြုပ်ကဲ့သို့ တစ်ရှူးစ များက ဆီးလမ်းကြောင်းကို ဝန်းရံ ထားပြီး သွေးလည်ပတ်မှု ကောင်းမွန် လာသောအခါ အမျိုးသမီးတို့၏ ကိုယ်မှ ထွက်လာသော အရည်ကြည်များကို အသုံးပြုပြီး ကာမ ဆက်ဆံလိုသော ကာမ စိတ်ဆန္ဒတို့ စတင် လာပြီ ဖြစ်သည်။ ရေမြုပ်ကဲ့သို့  ပွစိစိ တစ်ရှူးများက အစေ့ရဲ့ အမြစ် ကဲ့သို့ ရပ်တည်နေကြပြီး ယောနိအင်္ဂါ ၏ အတွင်းအကျဆုံး နေရာတွင် တည်ရှိသည်။

အမျိုးသမီး ယောနိ အင်္ဂါ အတွင်းသို့ လက်ချောင်း တစ်ချောင်း သို့မဟုတ် နှစ်ချောင်း ထည့်သွင်းပြီး အတွင်း ဖက် အရှေ့ပိုင်း နံရံနှင့် ဆီးခုံရိုး ၏ အောက်ခြေနားတွင် G -spot ရှိပြီး အဲ့ဒီ နေရာကို ထိတွေ့မိပါက G-spot ရဲ့သုံးပုံ တစ်ပုံသို့ စမ်းသပ်မိနေပါပြီ။

အဲ့ဒီ နေရာ အရောက်မှာ ခံစားမှု တုန့်ပြန်ချက်များ အဖြစ် အာရုံကြောများ ပွင့်ကားလာတဲ့ အတွက် ခံစားမှုက အိစက် ညက်ညောသည့် တစ်ရှူးများကို လက်ချောင်းများဖြင့် မိမိနှစ်သက်တဲ့ အနေအထား အတိုင်း တစ် ဖက်မှ တစ်ဖက်သို့ ညင်သာစွာ အပြောင်းအရွှေ့ ပြုလုပ်ခြင်းဖြင့် ပိုမို သက်တောင့်သက်သာ ရှိသော ခံစားမှုမျိုးကို ရရှိလာမှာပါ။

လက်ချောင်းလေးများက အမျိုးသား အင်္ဂါနှင့် စာလျင် ပိုမိုထိရောက်လေ့ ရှိပြီး အမျိုးသမီး၏ G-spot ရှိရာသို့ တန်းတန်း မတ်မတ် ရှာဖွေနိုင်ခြင်းလည်း ရှိပါတယ်။အမျိုးသမီး အတော်များများမှာ G-spot နှင့် ပတ်သက်ပြီး တုန့်ပြန်မှု အလွန်ကောင်းမွန်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် အများကြီး မခြားနားပါဘူး။

အမျိုးသမီးများ အနေဖြင့် အစေ့ ၏ နှိုးဆော်မှုဖြင့် စတင်သော လိင်ဆက်ဆံမှုက အမြင့်ဆုံး အနေအထားသို့ ရောက်ရန် လုံလောက်မှု ရှိနေပြီး ဖြစ်သည်။ လိင် ဆက်ဆံမှု၏ ကျေနပ်မှု မကျေနပ်မှုသည် အမျိုးသမီး၏ ကိုယ်ရေး ကိုယ်တာ ဆန္ဒနှင့်လည်း အများကြီး သက်ဆိုင်နေပါတယ်။

သူမ အနေနဲ့ ကာမ ဆန္ဒကို ခံစားတက်ရင် အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမယ့် သူမ အနေနဲ့ ဆန္ဒမရှိဘူးဆို ရင် အမျိုးသားမှ သူမ ၏ ဆန္ဒ အပေါ် ဖိအားပေးခြင်းမျိုး မပြုသင့်ဘဲ လိင်ဆက်ဆံမှု အပေါ် သူမ စိတ်ဝင်စားနိုင်သည့် အခြား ပုံစံအသစ်များကို တီးခေါက် ကြည့်တတ်ရမှာပါ။အမျိုးသမီး ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်က G-spot သို့ အမျိုုးသား ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်နှင့် တိုက်ဆိုင်မှသာ အမျိုးသမီး ကျေနပ်မှု အပြည့်အဝ ရတယ်လို့ထင်မြင်နေကြတာပါ ။

အရည်ထွက်ခြင်း ဆိုတာက ရေမြုပ်သဏ္ဍန် တစ်ရှူးတွေ နိုးကြားလာခြင်း သက်သက်သာ ဖြစ်ပြီး ချောဆီ တစ်ခု သဖွယ် အသုံးပြုရန် သက်သက်သာ ဖြစ်ပါတယ်။ အချို့ အမျိုးသမီးတွေက အဲ့ဒီလို အရည် များများ ထွက်တာကို ဆီးသွားတာလို့ ထင်ပြီး ဆရာဝန်နှင့် ပြသသည် အထိ စိုးရိမ်တတ်ကြပါတယ် ။ ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။

အရည် ထွက်ခြင်းရဲ့ အဓိက က သူမ အနေဖြင့် ကာမ ဆက်ဆံဖက် အပေါ် ကျေနပ်ခြင်းကြောင့် အချက်ပြသော သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ် ။ 5 မိနစ် 10 မိနစ်လောက် လက်လေးနဲ့ လုပ်ပေးရင် သူမ တစ် ကယ် ကျေနပ်မှာပါ။

G-spot ကို ကုကြီး တို့ရဲ့ ညီလေးနဲ့လုပ်ပေးလဲ ရပါတယ်။ သူမ အနေနဲ့ လိင်ဆက်ဆံရန် အတွက် စိတ်ပျက်ခြင်း မရှိသလို ကြောက်ရွံ့ထိပ်လန့်ခြင်း မရှိဘဲ ပွင့်လင်းမှု အပြည့် ရှိနေခြင်းကြောင့် အဲ့ဒီလို တုန့်ပြန်လာတာပါ ။ အဲ့ဒီလို အရည်များ ထွက်တာကို လိင်ဆက်ဆံခြင်းရဲ့ အချိန်ကာလ အတွင်း အနှောင့်အယှုက် မဖြစ်စေရန် အိပ်ယာပေါ်တွင် မျက်နှာသုတ်ပဝါ သို့မဟုတ် ရေစိုခံ အထည်တစ်ခု ခင်းထားခြင်းဖြင့် ဖြေရှင်းနိုင်ပါ တယ်။

အဓိက ရည်ရွယ်ချက်မှာ G-spot ကို အသားပေး နှိပ်နှယ်ခြင်း ပြုလုပ်ရန်ထက် တစ်ဦးနှင့် တစ်ဦး ကာမ  ဆက်ဆံခြင်း အပေါ် ပွင့်လင်းစွာ အကြိုက်ခြင်း ဖလှယ်နိုင်ရန်သာ ရည်ညွန်းပါတယ် ။ ကာမ ဆက်ဆံစဉ်  စကားလုံးမှ အစ စိတ်ဆန္ဒ အထိ နှစ်ကိုယ့် တစ်စိတ် ဖြစ်လာကြဖို့ပါ ။

အောက်ဖော်ပြပါ Sex Position တွေ ကတော့ G-spot ကို ထိစေနိုင်ပြီး ကာမသုခ အပြည့်ရစေဖို့ နည်းစနစ်တွေထဲက တစ်ချို့ပါ။အငြင်းပွါးစရာနည်းတွေလည်း ရှိပါသည်။


 G-spot ကိုထိစေနိုင်တဲ့ လိင်ဆက်ဆံနည်းများ



G-spot Positions


 သာယာပြီးပြည့်စုံတဲ့ ကာမသုခ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။